Posts

Showing posts from May, 2022

ကမ္ဘာတစ်လွှား ထူးထူးခြားခြားအစားအစာများ (Part - 6)

Image
  ကမ္ဘာတစ်လွှား ထူးထူးခြားခြားအစားအစာများ (Part - 6) ကမ္ဘာ့နေရာဒေသအသီးသီးက ထူးဆန်းတဲ့ အစားအစာလေးတွေအကြောင်းကို ပြောပြလာခဲ့တာ အခုဆို အပိုင်း (၆) အထိ ရောက်ရှိလာခဲ့ပြီနော်။  ဒီ‌တစ်ခေါက်ပြောပြမယ့် အစားအစာလေးကတော့ မြန်မာပြည်က လူတွေနဲ့လည်း မစိမ်းမယ့် အစားအစာလေးတစ်ခုပါ။ တရုတ်ပြည်ကစတင်စားသုံးလာကြတာဖြစ်ပြီး အခုဆိုရင် မြန်မာပြည်အပါအဝင် အာရှမှာပါ နေရာအနှံ့အပြား စားသုံးကြတာကို တွေ့ရပါတယ်။  ဒီတစ်ခေါက်ပြောပြမယ့် ကမ္ဘာက ထူးဆန်းတယ်လို့ သတ်မှတ်ထားတဲ့ အစားအစာက သင်ကိုယ်တိုင် စားဖူးတဲ့ အစားအစာဖြစ်နေမှာဆိုတော့ အဲ့လောက်လည်း မထူးဆန်းပါဘူးကွာ လို့တွေးမိနေမှာပါပဲ။ ဒါဆို ဘာလို့ ကမ္ဘာတစ်လွှားကလူတွေက ထူးဆန်းတယ်လို့ ထင်ကြတာဖြစ်မလဲ လေ့လာကြည့်လိုက်ရအောင်။ Century Egg (သို့) 100 years old လို့ ခေါ်တဲ့ အစားအစာတစ်မျိုးကို တရုတ်ပြည်မှာ စတင်တီထွင်စားသုံးလာခဲ့ကြပါတယ်။ အဓိပ္ပါယ်ကတော့ နှစ်တစ်ရာဥ ဖြစ်ပြီး တကယ်နှစ်တစ်ရာအကြာက ဥတော့ မဟုတ်ပါဘူး။ အခေါ်အဝေါ်သက်သက်သာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ "ဆေးဘဲဥ" ဆိုပြီး လူသိများကြပါတယ်။ ဆေးဘဲဥဆိုတာ တကယ်တော့ ရိုးရိုးဘဲဥကို ပြာ၊ ဖွဲ၊ ထုံး၊ ဆိုဒါ၊ လက်ဖက် အစရှိတဲ့ ပါဝင်ပစ္စည်းတချိ

ကာ​ဘော်လစ်အက်စစ်

Image
  ကာဘော်လစ်အက်စစ် နဲ့ Joseph Lister  ဆေးပညာလောကမှာ Joseph Lister(၁၈၂၇-၁၉၁၂) ကို aseptic surgery (ပိုးမွှားကင်းစင်သောခွဲစိတ်မှု) ကို အစပြုခဲ့သူအဖြစ် အသိများကြပါတယ်။ Lister ဟာ အင်္ဂလိပ်လူမျိုးခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်ပြီး ရောဂါဗေဒပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။  ခွဲစိတ်ပညာရဲ့ အစောပိုင်းကာလတွေမှာ ဘက်တီးရီယားရောဂါပိုးဆိုင်ရာ အသိပညာနည်းပါသေးတဲ့အတွက် အနာပိုးဝင်ခြင်းပြဿနာများစွာရှိခဲ့ပါတယ်။ ကုသသူဆရာဝန်ကလည်း လက်ဆေးခြင်း၊ ခွဲစိတ်မည့်နေရာအားပိုးသတ်ခြင်း စတာတွေကို ပြုလုပ်ရမှန်း မသိကြသေးတဲ့အချိန်ဖြစ်ပါတယ်။  ၁၈၆၅ ခုနှစ်မှာ Lister ဟာ ကလေးတစ်ဦးရဲ့ အရိုးကျိုးဒါဏ်ရာကို ကာဘော်လစ်အက်စစ်စိမ်ထားတဲ့ ပတ်တီးစနဲ့အုပ်‌ပေးပြီး လေးရက်အကြာမှာ ပတ်တီးလဲတဲ့အခါ ဒါဏ်ရာမှာ ပိုးဝင်ခြင်း၊ ပြည်တည်ခြင်း စတာတွေမရှိတာကိုတွေ့ရပါတယ်။ ဒီလိုနဲ့ အနာကို မှန်မှန်ပြုစုကုသပေးရင်း အနာရင်းခြင်းမရှိဘဲ ‌ရက်သတ္တ ၆ ပတ်ကြာတဲ့အခါ အရိုးဟာကောင်းမွန်စွာဆက်သွားပါတယ်။ Lister ဟာ ကာဘော်လစ်အက်စစ်ရဲ့ အစွမ်းကို ဆေးပညာဂျာနယ်မှာ ရေးသားတင်ပြခဲ့ပါတယ်။ သူဦးဆောင်တဲ့ ခွဲစိတ်မှုတွေမှာလည်း ဆရာဝန်နဲ့အကူများကို ကာဘော်လစ်အရည်နဲ့ လက်ဆေးခြင်း၊ လက်အိပ်ဝတ်ခြင်း၊  ခွဲစိတ်ခန်းက

Laufmaschine(The first bicycle)

Image
  Laufmaschine(The first bicycle) စက်တပ်ယာဉ်တွေ ဘယ်လိုပဲပေါ်ပေါက်လာပါစေ စက်ဘီးတွေကတော့ လူမှုဘဝမှာ ယနေ့အချိန်ထိအသုံးဝင်နေဆဲပါပဲ။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအမြင်အရရော၊ ကျန်းမာရေးအမြင်အရရော၊ ကုန်ကျစရိတ်သက်သာမှုအရရော စက်ဘီးတွေဟာ အကြိုက်တွေ့စရာ ဖြစ်နေဆဲပါပဲ။  စက်ဘီးကို ဘယ်အချိန်လောက်က စပြီးတီထွင်ခဲ့သလဲဆိုတာကတော့ အတိအကျပြောဖို့ခက်ပါတယ်။ ၁၈ ရာစုလောက်ကတည်းက စက်ဘီးကိုတည်ဆောက်ဖို့ ကြိုးစားခဲ့ကြတယ်လို့ ဆိုပေမယ့် အထောက်အထား အတိအကျတော့ မတွေ့ကြရပါဘူး။ အထောက်အထားအခိုင်အမာနဲ့ တွေ့ကြရတဲ့ အစောဆုံးစက်ဘီးကိုတော့ ဂျာမန်လူမျိုး Karl von Drais က ၁၈၁၇ ခုနှစ်မှာ ကြံဆတည်ဆောက်ခဲ့ပါတယ်။ Drais က သူရဲ့တီထွင်မှုကို Laufmaschine လို့ ခေါ်ခဲ့ပြီး running machine လို့ အဓိပ္ပါယ်ရပါတယ်။ အချို့ကလည်း swiftwalker လို့ခေါ်ကြပါတယ်။ Drais ရဲ့ စက်ဘီးကို Dandy horse လို့လဲ နာမည်ပြောင်မည့်ခဲ့ကြပါတယ်။  Drais ရဲ့စက်ဘီးဟာ အားလုံးနီးပါး သစ်သားနဲ့တည်ဆောက်ထားပါတယ်။ ဘီးနှစ်ဘီး ပါဝင်ပြီး ကွေ့ဖို့လက်ကိုင်ပါဝင်ပါတယ်။ နင်းစရာခြေနင်းမပါပါဘူး။ နောက်ဘီးမှာတော့ ဘရိတ်တပ်ဆင်ထားပါတယ်။ သစ်သားတန်းပေါ်မှာခွထိုင်ပြီး ခြေထောက်ကို မြေကြီးမှာထောက်ပြီး အရှိ

Acronym-3

Image
  Acronym-3 (SCUBA) အတိုကောက်စာလုံးတွေကနေ ဝေါဟာရတစ်ခုအဖြစ်ပြောင်းလဲလာတဲ့ စကားလုံးတွေကို  Acronym လို့ခေါ်ပါတယ်။ Acronym တစ်ခုဖြစ်တဲ့ scuba အကြောင်း မျှဝေလိုက်ပါတယ်။ ရေငုပ်သမားတွေအတွက်တော့ Scuba ဟာ အရေးပါတဲ့ပစ္စည်းဖြစ်ပါတယ်။ scuba ဆိုတာ ရေငုပ်‌စဉ်အသက်ရှူဖို့သုံးတဲ့လေဗူးနဲ့ ဆက်စပ်ပစ္စည်းတွေကို ခေါ်တာပါ။ တကယ်တမ်းက scuba ဟာ အတိုကောက်စာလုံးဖြစ်ပြီး အရှည်ကတော့ Self-contained Underwater Breathing Apparatus ဖြစ်ပါတယ်။  Scuba တစ်စုံမှာ အဓိကအားဖြင့် လေဗူးပါဝင်ပြီး ‌ရေငုပ်သူအသက်ရှူဖို့ ပိုက်နဲ့ဆက်ထားပါတယ်။ အချို့လေဗူး‌တွေကမှာ အောက်စီဂျင် ၂၁% ပါဝင်တဲ့ ရိုးရိုးလေကို လေပေါင်မြင့်မြင့်ထည့်ထားပြီး အချို့လေဗူးတွေကတော့ အောက်စီဂျင် ၃၂% နဲ့အထက် ပါဝင်တဲ့လေကို ထည့်သွင်းထားပါတယ်။ ပုံမှန်အရွယ်အစားလေဗူးထဲမှာ လေပမာဏ 2000 လီတာကျော်ပါဝင်ပြီး ဖိအား 3000 psi ခန့်ရှိပါတယ်။ အဲ့ဒီလေဟာ ရေအောက်မှာ နာရီဝက်ကနေ တစ်နာရီခန့်အထိနေနိုင်အောင် ထောက်ပံ့ပေးပါတယ်။ ဒါဟာပုံသေမဟုတ်ပဲ ရေအောက်အနက်ပေ၊ ရေငုပ်သူရဲ့ အသက်ရှူနှုန်း စတာတွေပေါ်မှာအများကြီးမူတည်ပါတယ်။  ၁၉ ရာစုအ‌စောပိုင်းကာလ‌တွေအထိ ရေငုပ်သူတွေဟာ ရေပြင်ပေါ်နဲ့ဆက်ထားတဲ့ ပိုက်အရှည်က

Acronym-2

Image
  Acronym-2 (RADAR) အတိုကောက်စာလုံးတွေကနေ ဝေါဟာရတစ်ခုအဖြစ်ပြောင်းလဲလာတဲ့ စကားလုံးတွေကို  Acronym လို့ခေါ်ပါတယ်။ Acronym တစ်ခုဖြစ်တဲ့ Radar အကြောင်း မျှဝေလိုက်ပါတယ်။  Radar ဆိုတဲ့ဝေါဟာရဟာ ဘာသာစကားပေါင်းစုံမှာ တိုက်ရိုက်မွေးစားသုံးစွဲနေကြတဲ့ ဝေါဟာရတစ်ခုဖြစ်ပါတယ်။ မြန်မာစကားမှာလည်း ရေဒါ လို့ပဲသုံးစွဲကြပါတယ်။ တကယ်တမ်းကတော့ Radar ဟာ ဝေါဟာရတစ်ခုလိုအသံထွက်လို့ရတဲ့ အတိုကောက်စာလုံးတစ်ခုပါ။ အရှည်အဓိပ္ပါယ်ကတော့ Radio detection and Ranging ဖြစ်ပါတယ်။ အဲဒီစကားစုအတိုင်းပဲ Radar ဟာ ရေဒီယိုလှိုင်းတွေထုတ်လွှတ်ပြီး အရာဝတ္ထုတွေကို ရိုက်ခတ်ပြီးပြန်လာတဲ့ လှိုင်းတွေကို ပြန်လည်ဖမ်းယူခြင်းအားဖြင့် အရာဝတ္ထုတွေရှိမရှိနဲ့ ရှိရင်လည်း ဘယ်လောက်ဝေးကွာသလည်းဆိုတာကို တွက်ချက်တိုင်းတာတဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။  ‌Radar နည်းပညာကို သီအိုရီအရ ကြံဆခဲ့ကြတာ 19 ရာစုနှောင်းပိုင်းကတည်းကဖြစ်ပေမယ့် ဒုတိယကမ္ဘာစစ်ကာလတွေမှာမှ စစ်ဘက်ဆိုင်ရာသုတေသနတွေကနေ အောင်မြင်စွာ အသုံးချနိုင်နိုင်တဲ့အဆင့်အထိရောက်ရှိလာခဲ့တာပါ။ Radar နည်းပညာရဲ့ အရေပါတဲ့ခြေလှမ်းကို 1940 ခုနှစ်မှာ UK ကအောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပေမယ့် Radar ဆိုတဲ့ဝေါဟာရကိုတော့ အမေရိကန်ရ

Food Part5

Image
  ကမ္ဘာတစ်လွှား ထူးထူးခြားခြား အစားအစာများ (Part - 5) ဟိုးအရင် အပတ်တွေက ထူးထူးခြားခြား အစားအစာတွေအကြောင်းကို ပြောပြလာခဲ့တာ မှတ်မိကြသေးလားမသိဘူး‌ဗျ။ အခု‌‌ဆိုရင် ထူထူးခြားခြားအစားအစာ အပိုင်း ၅ ကို ရောက်ရှိလာခဲ့ပါပြီ။ ဒီနေ့မှာတော့ တရုတ်ပြည်က ရိုးရာ အစားအစာလေးတစ်ခုအကြောင်းပြောပြပါမယ်။   ဒီအစားအစာလေးကို ပြုလုပ်ပုံက နည်းနည်းတော့ ထူးဆန်းသလို ကြားလိုက်ရင်လည်း ပြုံးမိသွားနိုင်တယ်ဗျ။ အစားအစာလေးရဲ့အမည်က "Virgin Boy Eggs" ပါ။ တစ်မျိုးမတွေးပါနဲ့ဦး မြန်မာလိုက "လူပျိုရဲ့ သေးနဲ့ ပြုတ်ထားတဲ့ ကြက်ဥ" ပါ။ ကဲ ကျွန်‌တော်ပြောသလိုပဲ ထူးဆန်းတယ်မဟုတ်လား။ ဆီးတွေကို စုဆောင်းထားပြီး ကြက်ဥပြုတ်တဲ့ နေရာမှာ ရေအစား ဆီးကိုထည့်ပြီးပြုတ်ကြပါတယ်။ ကြက်ဥလေးတွေအနည်းငယ်ကျက်လာပြီဆိုရင် အခွံလေးတွေကို အက်အောင်ပြုလုပ်ပြီး လူပျိုဆီးထဲမှာ ထပ်စိမ်ထားပါတယ်။ ဆီးတွေ ကြက်ဥထဲ စိမ့်ဝင်သွားအောင်ပါ။ အဆိုပါကြက်ဥ‌‌ကိုစားမယ်ဆိုရင် အနံ့အားဖြင့် ပျင်းပေမယ့် အရသာဟာ နူးညံ့ပြီး အနည်းငယ် ငံတယ်လို့ဆိုပါတယ်။ ဒီ ကြက်ဥကိုစားရင် ကျန်းမာရေးအကျိုးကျေးဇူးတွေရနိုင်တယ်လို့လည်း ယုံကြည်ကြပါတယ်။ အပူအပုတ် ကင်းရင်းပြီး အပူရှပ်တာကနေလည်း ကာကွယ်ပေ

Most expensive cat

Image
  ကမ္ဘာ့ဈေးအကြီးဆုံးကြောင် ရဲ့တန်ဖိုးဟာ ဘယ်လောက်ရှိမယ်လို့ထင်ပါသလဲ ?? ကမ္ဘာပေါ်ရှိတဲ့ ကြောင်အမျိုးအစားတွေထဲကမှ ကျားသစ်နဲ့တူတဲ့ Ashera ကြောင်အမျိုးအစားဟာ ကမ္ဘာ့ဈေးအကြီးဆုံးကြောင်အမျိုးအစားဖြစ်ပါတယ်။  Ashera ကြောင်တွေဟာ ဘာလို့ ဒီလောက်ဈေးကြီးရသလဲဆိုတော့ သူ့ရဲ့ မျိုးပွားနှုန်းကြောင့်လို့ပဲဖြေရမှာပါပဲ။ ဒီကြောင်တွေဟာ မျိုးပွားနှုန်းအင်မတန်နည်းပြီး မျိုးမပွားသလောက်ပါပဲ။  အိမ်မွေးကြောင်၊ အာဖရိကတောကြောင် နှင့် အာရှကျားသစ်မျိုးနွယ်တွေကို ပေါင်းစပ်ထားတဲ့ Ashera ကြောင်တွေဟာ သာမန်အိမ်မွေးကြောင်လေးတွေ‌လိုတော့ သေးသေးကွေးကွေး မဟုတ်ကြပါဘူး။ မတ်တပ်ရပ်လိုက်ရင် ၄ပေ ကနေ ၅ပေ အထိအရှည်ရှိကြပြီး အလေးချိန်အားဖြင့် ၃၃ပေါင်ခန့်ရှိပါတယ်။  ဒီကြောင်အမျိုးအစားကို 2000ခုနစ်လောက်ကမှ Lifestyle Pets လို့ခေါ်တဲ့ တိရစ္ဆာန်မျိုးစပ်တဲ့ Company ကနေ စတင်မျိုးစပ်မွေးမြူခဲ့ကြတာပါ။ ဒါကြောင့် Ashera ကြောင်အမျိုးအစားကိုမှမွေးမြူချင်တယ်ဆိုရင်တော့ မျိုးစပ်တဲ့Companyကနေပဲ ပိုက်ဆံပေးပြီးဝယ်လို့ရနိုင်မှာပါ။ တစ်နှစ်ကို Ashera ကောင်ရေ လက်‌ဆယ်ချောင်းပြည့်အောင်တောင် မျိုးစပ်ကြတာမဟုတ်လို့ ဒီကြောင်အမျိုးအစားကို မွေးမြူထားတဲ့သူတွေကတော့ လုံးဝ U

Acronym-1

Image
  Acronym-1 (LASER) အတိုကောက်စာလုံးတွေကနေ ဝေါဟာရတစ်ခုအဖြစ်ပြောင်းလဲလာတဲ့ စကားလုံးတွေကို  Acronym လို့ခေါ်ပါတယ်။ Acronym တစ်ခုဖြစ်တဲ့ Laser အကြောင်း မျှဝေလိုက်ပါတယ်။  Laser နည်းပညာဟာ ယနေ့ခေတ်မှာ တွင်ကျယ်စွာအသုံးပြုနေကြပါတယ်။  Laser ရဲ့ အရှည်အဓိပ္ပါယ်ကတော့ Light Amplification by Stimulated Emission and Radiation ဖြစ်ပါတယ်။ ပထမဆုံး Laser စက်ကို 1960 ခုနှစ်မှာ  အမေရိကန် သိပ္ပံပညာရှင် Theodore H. Maiman ကတည်ဆောက်ခဲ့ပါတယ်။ Laser အလင်းလွှတ်စက်ရဲ့ အရင်ပေါ်ခဲ့တာကတော့ Microwave တွေကို ထုတ်လွှတ်တဲ့ Maser ဖြစ်ပါတယ်။  နောက်ပိုင်းမှာ အဲဒီနည်းပညာကို အလင်းဆိုင်ရာနယ်ပယ်မှာ အသုံးချလာနိုင်ခဲ့ပြီး Laser လို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ပါတယ်။  Laser အလင်းရဲ့ ထူးခြားချက်ကတော့ အခြားအလင်းထုတ်လွှတ်မှုတွေလို ဖြာထွက်သွားခြင်းမရှိဘဲ အလင်းတန်းတွေကို အပြောက်ငယ်တစ်ခုမှာ စုဆုံအောင် ထုတ်လွှတ်နိုင်တာပါ။ အဲဒီထူးခြားချက်ကြောင့်ပဲ Laser ကို နည်းပညာနယ်ပယ်အစုံမှာ အသုံးကျလာစေခဲ့ပါတယ်။  Laser pointer, Laser printer, QR code reader စတာတွေကနေ ဆေးပညာနယ်ပယ်၊ စစ်လက်နက်နယ်ပယ်၊ ကွန်ပျူတာနယ်ပယ်၊ အာကာသသိပ္ပံနယ်ပယ်အထိ Laser ဟာ ဉာဏ်ရှိသလို သုံ

Android

Image
  Android Android ဆိုတာ ယနေ့ခေတ် IT လောကမှာ အရင်းနှီးဆုံး စကားလုံးဖြစ်လို့နေပါပြီ။ Android ဆိုတဲ့နာမည်ဟာ  ခေါ်ရတာ အဆင်ပြေပြီး ချစ်စရာကောင်းတယ်လို့ထင်ပါတယ်။ Android ဆိုတဲ့ နာမည်ရဲ့ သမိုင်းကြောင်းကလည်း စိတ်ဝင်စားစရာပါပဲ။  Android ဟာ Greek စကားလုံးကနေဆင်းသက်လာပြီး လူနဲ့တူသော (humanoid) လို့အဓိပ္ပါယ်ရပါတယ်။ ဒီစကားလုံးကို 1700 ခုနှစ်ကျော်ကာလတွေကတည်းက သုံးစွဲတာတွေ့ရပြီး လူကဲ့သို့ဆောင်ရွက်နိုင်တဲ့ ယန္တရားတွေစက်ရုပ်တွေကိုရည်ညွှန်းသုံးစွဲခဲ့ပါတယ်။ ဒါပေမယ့် IT လောကက Android ဆိုတဲ့နာမည်ဟာ ဒီဝေါဟာရကို အစွဲပြုရယူထားတာတော့ မဟုတ်ပါဘူး။ Android နည်းပညာကုမ္ပဏီကို တည်ထောင်ခဲ့သူကတော့ IT ပညာရှင် Andy Rubin ဖြစ်ပါတယ်။ Rubin ဟာ ကုမ္ပဏီမထောင်ခင်က Apple မှာ အလုပ်လုပ်ခဲ့ပါသေးတယ်။ အဲဒီနောက် Google ကိုပြောင်းရွှေ့ခဲ့ပါတယ်။ Rubin ဟာ စက်ရုပ်တွေကို အလွန်စိတ်ဝင်စားတဲ့အတွက် သူ့ကို Android လို့ မိတ်ဆွေတွေကနာမည်ပြောင်ပေးထားပါတယ်။ ဒီနာမည်ဟာ သူ့ရဲ့အမည်ရင်းနဲ့လည်း ခပ်ဆင်ဆင်ဖြစ်နေပါတယ်။ သူ့ရဲ့ Personal website ကိုလည်း android.com လို့အမည်ပေးထားပါတယ်။  Andy Rubin ဟာ Android.Inc ကို 2003 ခုနှစ်မှာ တည်ထောင်ခဲ့ပြီး Digital cam

Quotes 10

Image
 

Quotes 9

Image
 

Quotes 8

Image
 

Quotes 7

Image
 

Quotes 6

Image
 

Daimler Reitwagen (The first motorcycle)

Image
  Daimler Reitwagen (The first motorcycle) 19 ရာစုနှောင်းပိုင်းကာလ‌တွေမှာ စက်မှုပညာထွန်းကားလာခြင်းနဲ့အတူ စက်တပ်ယာဉ်တွေကိုလည်း အပြိုင်အဆိုင် ကြံဆတီထွင်လာခဲ့ကြပါတယ်။ ရေနွေးငွေ့အင်ဂျင်ကနေ ပိုပြီးကျစ်လစ်တဲ့ ဓာတ်ဆီအင်ဂျင်ကို တီထွင်သုံးစွဲလာနိုင်ခဲ့ပါတယ်။ အဲဒီအင်ဂျင်တွေကို လှည်း၊ စက်ဘီး စတာတွေမှာ တပ်ဆင်ဖို့ကြိုးပမ်းလာရာကနေ ကား၊ ဆိုင်ကယ်ခေတ်ဦးဟာ အစပြုခဲ့ပါတယ်။ ပထမဆုံးဓါတ်ဆီသုံးကား နဲ့ မရှေးမနှောင်းကာလ 1885 ခုနှစ်မှာပဲ ကမ္ဘာ့ပထအဆုံး ဓာတ်ဆီသုံးမော်တော်ဆိုင်ကယ်ကို တည်ဆောက်နိုင်ခဲ့ပါတယ်။ အဆိုပါမော်တော်ဆိုင်ကယ်ကို တီထွင်တည်ဆောက်ခဲ့သူကတော့ ဂျာမန်လူမျိုး Gottlieb Daimler နဲ့ Wilhelm Maybach တို့ဖြစ်ပါတယ်။  သူတို့ရဲ့ယာဉ်ကို Reitwagen (riding car) လို့အမည်ပေးခဲ့ပါတယ်။  Reitwagen ကို မော်တော်ဆိုင်ကယ်အဖြစ်သတ်မှတ်ကြပေမယ့် ယနေ့ခေတ်မော်တော်ဆိုင်ကယ်တွေနဲ့ အတော်ကွာခြားတဲ့အချက်တွေရှိနေပါတယ်။ အဓိကကွာခြားချက်ကတော့ ဟန်ချက်ထိန်းစရာမလိုဘဲ ဘေးနှစ်ဘက်မှာတပ်ထားထဲ့ ဘီးငယ်နှစ်ခုပါဝင်နေတာပါ။ ဒါကြောင့် ဘီး လေးခုဖြစ်နေပါတယ်။ ဒီယာဉ်ကို အင်ဂျင်စမ်းသပ်ရေးအတွက် စိတ်ကူးတည်‌ဆောက်ခဲ့တာဖြစ်ပြီး မော်တော်ဆိုင်ကယ်ထုတ်လုပ်ရေးအတွက်ရည်

Colour Idioms Part 2 -Blue

Image
Colour Idioms - Part 2 [ BLUE IDIOMS ] Clickers ​လေးတို့ မင်္ဂလာပါဗျာ Colour idioms Part2 က​နေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ တနင်္လာ​နေ့ မနက်ခင်းတိုင်းမှာ ကျွန်​တော်တို့ ဘယ်လို ခံစားရ​လေ့ရှိပါသလဲ? အဲ့ဒီ့ ခံစားချက်ကို English လို ဘယ်လို​​ပြောပါသလဲ? Feelings on Monday morning ​လို့တော့ မလုပ်နဲ့​ပေါ့ဗျာ။ Idiom လှလှ​လေးသက်သက်ရှိတယ်ဗျ။ ကဲ ကျွန်​တော်တို့ ဒီ​မေးခွန်းအတွက် ဒီ​နေ့မှာ Blue ကို အသုံးပြုထားတဲ့ idiom ​လေး​တွေကို တစ်ခါတည်း ​ပြောပြသွားမှာမို့ ဖတ်ရင်း ​အ​ဖြေကို​ ​ရှာကြည့်လိုက်ရ​အောင် 💙 Out of the blue - ကြိုတင်အ​ကြောင်းကြားထားခြင်းမရှိပဲ ရုတ်တရက် ဖြစ်လာတာမျိုးကို ​ပြောတဲ့အခါ သုံးပါတယ် Example: Liam has decided to quit his job out of the blue , and go travelling for a year! ( Liam တစ်​ယောက် ရုတ်တရက်အလုပ်က​နေထွက်ဖို့ ဆုံးဖြတ်လိုက်ပြီး တစ်နှစ်​လောက် ခရီးသွားမယ်တဲ့)   Blue pencil - information တစ်ခုခုကို ချန်လှပ်ဖုံးကွယ်ထားတာမျိုးမှာ သုံးပါတယ် Example: The reports about how soldiers were being treated abroad had been blue-pencilled by the authorities. (စစ်သား​တွေ နိုင်ငံရပ်ခြားမှာ ဘယ်လို